#Local_News
Published_6 December 2022

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂၆၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး အောက်တိုဘာလထက် တင်ပို့မှုပိုခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

 

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့ရောင်းချလျက်ရှိပြီး နိုဝင်ဘာလအတွင်း ၂၆၄၀၃၇ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

 

ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီပေါင်း (၄၂) ခုမှ ဆန် ၁၇၉၈၅၂ မက်ထရစ်တန်နှင့် ဆန်ကွဲ ၈၄၁၈၅ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းဖြစ်သည်။

 

ပြည်ပသို့ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ၁၈၅၆၇၈ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၇၈၃၅၉ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆန်တွေကို တရုတ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ရိုမေးနီးယား၊ စပိန်၊ ပိုလန်၊ နယ်သာလန်အစရှိသည့် နိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်သည်။

 

ယင်းအပြင် ဘဏ္ဍာနှစ်ဝက် (၈) လတာကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၂ ဒသမ ၂၉ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

#ymg/sth
#Yangon_Media_Group