#Local_News
Published_5 December 2022

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၈၀ ကျော်ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှထုတ်ပြန်ထားသည်။

 

အဆိုပါနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၁၂၈ ဦး၊ Regular(စိုက်ပျိုး/မွေးမြူရေးလုပ်သား) ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးစေလွှတ်သွားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်တွင် Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦးစေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၉ ဦးကို ပ့ိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၆၉ ဦးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

 

#ymg/sth
#Yangon_Media_Group