#Local_News
Published_ 5 December 2022

 

တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်းမြို့နယ်များတွင်ပုံမှန်ထက်ပိုပြီး လျှပ်စစ်မီးပြတ်တောက်မည့်အကြောင်း သက်ဆိုင်ရာမြို့နယ်YESCများမှအသိပေးချက်ထုတ်ပြန်ချက်များအရသိရသည်၊၊

 

တာမွေမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက်ကနိုင်ငံတော်ဓာတ်အားစနစ်ထိန်းချုပ်မှုအရ 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းယာယီဓာတ်အားပြတ်တောက်နေပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊တာမွေကြီး(ခ)၊မလွှကုန်းဌေးကြွယ်၊ ကျားကွက်သစ်၊ဗျိုင်းကွက်သစ်၊နတ်မောက်၊ ပျားရည်ကုန်း၊ ဗျိုင်းရွာမ၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်၊ စက်မှုလက်မှု၊ ကျောက်ရှေ့၊ကျောက်ကြီး၊အောင်မင်္ဂလာရပ်ကွက်၊ကျောက်ထပ်ရပ်ကွက်၊နတ်မောက်၊မအူကုန်း၊ ကျားကွက်သစ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်အသိပေးထုတ်ပြန်ထားသည်၊၊

 

ဗဟန်းမြို့နယ်တွင်ဓာတ်အားစနစ်အတွင်း ဝန်းအားထိန်းညှိဆောင်ရွက်ရန်အတွက် ဗဟန်းမြို့နယ်အတွင်း ဒီဇင်ဘာလ၅ရက်မှစ၍ (09:00)နာရီမှ(13:00)နာရီ နှင့် (13:00)နာရီမှ(16:00)နာရီ အတွင်း အုပ်စုတစ်စုစီအား အလှည့်ကျ ဝန်အားလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဝန်အားနိုင်နင်းသည့်အချိန်တွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပေးသွားမည်ဖြစ်ကြောင်းဒီဇင်ဘာလ (၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားသည်၊၊

 

သင်္ဃန်းကျွန်းမြို့နယ်နှင့်ပတ်သက်၍ဒီဇင်ဘာလ ၅ရက်တွင်66kVသာကေတ-သင်ဃန်းကျွန်း -သုဝဏ -ကျိုက်ကဆံလိုင်း ယာယီဓာတ်ပြတ်တောက်သွားသဖြင့် စစ်ဆေးဆောင်ရွက်နေပြီးဒီဇင်ဘာလ ၅ရက်တွင် 33kV သင်ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံအားLDCမှ ဝန်အားထိန်းညှိ‌ဆောင်ရွက်ပေးနေရခြင်းကြောင့်ယာယီ2/3နာရီခန့် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group