#LocalNews
Published _ 4 December 2022

 

ညောင်နှစ်ပင်စက်မှုဇုန် (၁) မှော်ဘီ - လှည်းကူးနယ်စပ် M-4 C5 လမ်းဆုံတွင် ဗမာလူမျိုး အမျိုးသား (၂) ဦးမောင်းနှင်သည့် ဂျင်းအိတ်များသယ်ဆောင်လာသော (၁၂) ဘီးယာဉ် (အရောင် - အဖြူကျား) ယာဉ်အမှတ် SHN 1B/9658 Nissan Disel သည် လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့ရာ ယင်းယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုးများတွေ့ရှိခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ ဘင်္ဂါလီများမှာ ဂျင်းအိတ်များ အောက်ရှိ အံဝှက်ပြုလုပ်ထားသည့်နေရာ၌ အထောက်အထားမဲ့ ပုန်းခိုလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်ရောက်လာသူအရေအတွက်မှာ ဘင်္ဂါလီလူမျိုး အမျိုးသား ၅၄ ဦး နှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ပို့ဆောင်ထားကာ ယင်းနေရာအနီး နောက်ထပ် အသက် ၁၈ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

၎င်းအပြင် နောက်ထပ် နိုဝင်ဘာလ ၊ နိုဝင်ဘာလ ၂၉ ရက်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာနှင့် တစ်မိုင်ခန့်အကွာ၌ နောက်ထပ် အသက် ၁၆ နှစ် နှင့် ၁၉ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသား နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ၊ စုစုပေါင်း ဖမ်းဆီးရမိသော ဘင်္ဂါလီ ၇၁ ဦး ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်ကြောင်း၊ ပွဲစားပါ မပါကို မူမသိရှိရဘဲ ယာဉ်မောင်း ၂ ဦးမှာ ယာဉ်တိမ်းမှောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းတို့၏ အချက်အလက်များကို လှည်ကူးမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ဆဲဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအား လဝကအက် ၃(၁)/၁၃(၁)ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ဘင်္ဂါလီများကိုလည်း အရေးယူနိုင်ရန် နိုင်ငံသားနှင့် ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရေး စစ်ဆေးမေးမြန်း ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group