#LocalNews
Published _ 4 December 2022

 

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဖြစ် ယခုလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။

 

ပန်းမြို့တော်လုပ်ဆောင်ရန် မြစ်ကြီးနားမြို့၏ ပြည်ထောင်စုလမ်းမကြီး ၊ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက်နှင့် အဓိကလမ်းမကြီးများရှိလမ်းလယ်ကျွန်းများ ၊ လမ်းစုံအဝိုင်းနှင့် တြိဂံမြေနေရာများစသည့် လမ်းဘေးလက်ဝဲလက်ယာ နေရာ ၁၆ ခုကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရည်ရွယ်ချက်မှာ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်ဖြစ်ပြီး အကောင်အထည်ဖော်ရန် နိုဝင်ဘာလ နောက်ဆုံးပတ်ကစ၍ စီမံချက်တွေရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါအကောင်အထည်ဖော်မှုများအတွက် မြစ်ကြီးနားမြို့ရှိ အောင်စေရန်အောင်ဘုရားအနီး ၊ ပြည်ထောင်စုလမ်းမကြီးဘေးတြိဂံနေရာ၌စိုက်ပျိုးလုပ်ဆောင်ထားသော မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုကိုတိုးချဲ့လုပ်ဆောင်ကာ "Welcome to Myitkyina"အလှဆိုင်းဘုတ် တပ်ဆင်ဆောင်ရွက်ခြင်း လမ်းဘေးလက်ဝဲ လက်ယာတွင် မြေယာအလှပြုပြင်ဆောင်ရွက်ခြင်း၊နှစ်ရှည်အရိပ်ရပန်းပင်များပြုစုပျိုးထောင်၍ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group