#LocalNews
Published _ 4 December 2022

 

ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို ပြီးခဲ့သည့် မေလက စတင်၍ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်ပြန်ဝင်လာကြသည့် ဒေသခံပြည်သူ တစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ဒေသခံများနေရပ်ပြန်လာနိုင်ရေးအတွက် တယ်လီဖုန်း၊ အသံချဲ့စက်များဖြင့် မြန်မာ၊ကရင်ဘာသာ စကား နှစ်မျိုးဖြင့် အသိပေးနှိုးဆော်၍ပြန်လည်ဖိတ်ခေါ်သောကြောင့် ခေတ္တ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတိုင်ရင်းသားများ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကြာင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဒီဇင်ဘာလ ၃ ရက်က သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့သောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က စ၍ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group