#Local_News
Published_28 November 2022

 

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရွှေဆိုင်ဖွင့်လှစ်ရန် လိုင်စင်အသစ်လျှောက်ထားသူ ၁၀၀ ကျော်ရှိပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

 

ရွှေကုန်သည် နှင့် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်း ၊ သက်တမ်းတိုး လိုင်စင်လျှောက်ထားခြင်းနှင့် ရွှေတုံး ရွှေခဲ လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းအကြီး၊ အလတ်၊ အသေး အမျိုးအစား ခွဲခြားဖော်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းသို့တင်ပြ၍ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင်လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလကုန်၌ သက်တမ်းကုန်ဆုံးပြီး လာမည့် နှစ်အတွက် ရွှေလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကိုလည်း ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားကြရန်နှင့် ဆိုရှယ်မီဒီယာများ၊ အွန်လိုင်းများမှ တစ်ဆင့် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့်လည်း လိုင်စင်ပြုလုပ်ထားရန်ပြီး ပြီးခဲ့သည့် မေလတွင် အသိပေးကြေညာထားသည်။

 

#ymg/sth
#Yangon_Media_Group