#Local_News
Published _ 28 November 2022

 

ပြင်ဦးလွင်မြို့နယ်အတွင်း မောင်းနှင်လာသည့် အုတ်သယ်ယာဉ်တစ်စီးသည် လမ်းတွင်သွားလာနေသည့် နွားအုပ်အား ရှောင်တိမ်းရာ၌ အရှိန်လွန်၍ ယာဉ်တိမ်းမှောက်ပြီး နွားကျောင်းသားနှင့်ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေ လူမှုကူညီရေးအသင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၈ရက် နံနက်ပိုင်းအချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်ရှိ ကျိုင်းထောင်းရွာနှင့် သင်္ဂတုံရွာအကြား၌ အုတ်သယ်ယာဉ်တစ်စီးဟာ နွားအုပ်ကို ရှောင်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် နွားကျောင်းသားတစ်ဦးနှင့် ယာဉ်ပေါ်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ ဆိုသည်။

 

ဖြစ်စဉ်အတွင်း နွား ၂ကောင်ပါ သေဆုံးခဲ့ပြီးသေဆုံးသူများ၏ ရုပ်အလောင်းများအား ပြင်ဦးလွင်ဆေးရုံသို့ အသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group