#Local_News
Published _ 28 November 2022

 

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ် ၆၀၀၀၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေခဲ့ပြီး ယခု နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ၅သောင်း၆ထောင် ကျပ်ဖြင့် ဈေးငြိမ်သက်နေကြောင်း ဟင်္သာတကုန်စည်ဒိုင်မှ သိရသည်။

 

အဆိုပါ ဈေးသည်ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်ဈေးနှင့်ယှဉ်ရင် ၁သောင်း၃ရာကျပ် ကွာဟနေပြီး မတ်ပဲဈေးကွက်လည်း ငြိမ်သက်နေလျှက်ရှိနေသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သည့် မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ ၃ ရက်တွင် တစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ ၄ ရက်တွင် ကျပ် ၅၈၀၀၀ ၊ ၈ ရက်တွင် ကျပ် ၆၀၀၀၀၊ ၉ ရက်တွင်ကျပ် ၆၀၀၀၀၊ ၁၀ ရက်တွင် ကျပ် ၆၀၃၀၀၊ ၁၁ ရက်တွင် ကျပ် ၅၉၈၀၀၊ ၁၂ ရက်တွင် ကျပ် ၆၀၀၀၀၊ ၁၃ ရက်တွင် ကျပ် ၅၈၈၀၀ အသီးသီးဖြစ်ခဲ့သည်။

 

ဟင်္သာတကုန်စည်ဒိုင် ပေါက်ဈေးအရ ယမန်နေ့အထိ မတ်ပဲ (၂၀)ပိသာပါသည့် တစ်တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၅သောင်း၇ထောင်ဖြင့် ဈေးငြိမ်သက်နေလျှက်ရှိပြီး ယနေ့ နိုဝင်ဘာလ ၂၈ရက်ပေါက်ဈေးအရ ၅သောင်း၆ထောင် ကျပ်ဖြစ်ကြောင်း သိရှိရသည်။

 

အိန္ဒိယနိုင်ငံသို့တင်ပို့သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ ၁ တန်လျှင် CNF ဈေးနှုန်း $950 နှင့် FAQ ဈေးနှုန်း $815 ဖြစ်ပြီး၊ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းမှာ ၁ တန်လျှင် $ 770 ဖြစ်ကြောင်း သိရှိရသည်။

 

နိုဝင်ဘာလအတွင်း၌ မြန်မာမတ်ပဲအား ကွန်တိန်နာ ၂၀-၂၅ ခန့်တင်ပို့ခဲ့ပြီး ပြည်တွင်းကုန်သည်များ၏ ခန့်မှန်းချက်အရ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁၅၀၀၀ နှင့် ပဲစင်းငုံလက်ကျန် တန်ချိန် ၂၀၀၀၀ ခန့်မှန်း ကျန်ရှိနိုင်ကြောင်းလည်း သိရသည်။

 

မြန်မာမတ်ပဲ ပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်နိုင်ပြီး အိန္ဒိယဘက်မှဝယ်လိုအားကြောင့် ဈေးအနည်းငယ်တက်လာနိုင်သော်လည်း ယခုထက်ပို ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။

 

#ymg/NN
#Yagon_Media _Group