#Local_News
Published_ 28 November 2022

 

တရုတ်နိုင်ငံမှ ယူနန်ပြည်နယ်ချစ်ကြည်ရေးအသင်းနှင့် ယူနန်ပြည်နယ် ဖောင်ဒေးရှင်းကပေးသည့် အသားစားနွားမွေးမြူရေး နည်းပညာသင်တန်းကို မြန်မာသင်တန်းသား(၁၈၀)တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်၊၊

 

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းနှင့် ယူနန်ပြည်နယ် အရပ်ဘက် နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ရေး ဖောင်ဒေးရှင်းတို့သည် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ၂၀၂၂ ခုနှစ် မြန်မာအသားစားနွား မွေးမြူရေးနည်းပညာသင်တန်းကို ကြီးမှူးကျင်းပခဲ့သည်။

 

အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစသည့် ဒေသန္တရအစိုးရ မွေးမြူရေးဌာနမှ အရာရှိများ၊ မွေးမြူရေးနည်းပညာဝန်ထမ်းများနှင့် မွေးမြူရေးသမားများ စုစုပေါင်း သင်တန်းသား သင်တန်းသူပေါင်း ၁၈၀ ခန့်တက်ရောက်ခဲ့သည်။

 

ယခုအကြိမ် နည်းပညာလေ့ကျင့်မှု၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရှိ နွားမွေးမြူသူများနှင့် သက်ဆိုင်ရာနယ်ပယ်မှ နည်းပညာဝန်ထမ်းများက ကမ္ဘာ့အသားစားနွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ မျိုးစိတ်ရွေးချယ်မှုကို နားလည်သိရှိရန်ကူညီပေးပြီး သင်တန်းသား သင်တန်းသူများက တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အစာမြက်များ မျိုးစိတ်ရယူစမ်းသပ်သည့် သဘောတရားမှ လက်တွေ့စမ်းသပ်မှုအထိနားလည်သိရှိမှုကို မြှင့်တင်ရန်ဖြစ်သည်။

 

သင်ခန်းစာများတွင် အသားစားနွားတွင် ကြုံတွေ့ရလေ့ရှိသည့် ရောဂါ ကာကွယ်ကုသရေး၊ အသားစားနွားကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အသားစားနွားမွေးမြူရေးနည်းပညာ၊ စားမြုံပြန်တတ်သောတိရစ္ဆာန်အစာကြမ်းများ ထုတ်ဖော်အသုံးချမှု၊ အသားစားနွားမွေးမြူရေးပုံစံအား ဆွေးနွေးမှုနှင့် မွေးမြူရေးအရင်းအနှီးထိန်းချုပ်မှု၊ အရည်အသွေးမြင့် တစ်ဖူးလိုက်ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်းနည်းပညာစသည်တို့ ပါဝင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group