#Local_News
Published_ 26 November 2022

 

လာမည့်ဒီဇင်ဘာလအတွင်းဂျာမန်ဘာသာစကားကျွမ်းကျင်မှုကိုအတည်ပြုပေးမည့် Goethe- Zertifikat စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

Goethe-Insitut Myanmar မှအဆိုပါစာမေးပွဲများကိုကျင်းပပေးခြင်းဖြစ်ပြီးလာမည့်ဒီဇင်ဘာလ(၂၁) ရက်စတင်ကာ A1 Level ကနေ B1 Level အထိစာမေးပွဲများကိုကျင်းပသွားမည်ဟုဆိုသည်၊၊

 

စာမေးပွဲအတွက် ပြင်ဆင်နေသူများအနေဖြင့်မိမိ၏ စွမ်းရည်နှင့်ကိုက်ညီသောအဆင့်ကို ရွေးချယ်ပြီး ဖြေဆိုရန်နိုဝင်ဘာလ ( ၂၃ ) ရက်မှ ဒီဇင်ဘာလ ( ၂ ) ရက်အတွင်း စာရင်းပေးသွင်းထားကြရန်လိုအပ် ကြောင်းသိရသည်၊၊

 

စာမေးပွဲအချိန်စာရင်းမှာStart Deutsch 1 - 21. 12. 2022/Fit in Deutsch 1- 21 .12 .2022/ Goethe- Zertifikat A2- 27. 12 .2022/Fit in Deutsch 2 - 27 .12 .2022/Goethe-Zertifikat B1 - 29 .12. 2022တို့ဖြစ်သည်၊၊

 

ဂျာမန်ဘာသာစကားတတ်မြောက်လိုသူများအနေဖြင့်လည်းGoethe-Institut မြန်မာတွင် နိုင်ငံတကာသင်ရိုးနှင့်အညီ ဂျာမန်ဘာသာစကားကို လေ့လာနိုင်ပြီး လာမည့် ဒီဇင်ဘာလအတွင်း အခြေခံအကျဆုံး A Level အတန်းများကို In-person ရော Online Class များပါ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလအတွင်းစာရင်းသွင်းထားနိုင်ကြောင်းသိရသည်၊၊

 

ဒါ့အပြင် A1.1 Blended Learning Class ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ အလုပ်ကြောင့် အချိန်အများကြီးမပေးနိုင်သူများအနေဖြင့်လည်း ဂျာမန်စာကို လေ့လာနိုင်မည်ဖြစ်ကြောင်း ယခင်ကဂျာမန်ဘာသာစကားလေ့လာဖူးသူတွေအနေဖြင့်လည်း Placement Test ကိုအခမဲ့ဖြေဆိုပြီး မိမိနှင့်ကိုက်ညီသည့်အတန်းကို တက်ရောက်နိုင်ကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group