#Local_News
Published_26 November 2022

 

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်ပါတ်အတွင်း လယ်ယာထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄ သန်းရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

၎င်းလယ်ယာထွက်ကုန်တင်ပို့မှုများအနက် ရော်ဘာတင်ပို့မှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၂ သန်းဖြစ်ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းတင်ပို့ထားကြောင်း သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မြဝတီနှင့် မူဆယ်ပြီးပါက တတိယ အများဆုံး ကုန်သွယ်မှုဆောင်ရွက်နေသည့် ကုန်သွယ်ရေးစခန်းတွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းဖြစ်ကြောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။

 

ယင်းအပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉ သန်းရရှိထားပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုတွင် ကန်ဒေါ်လာ ၆၄ ဒသမ ၂၂ သန်းပို့ကုန်ဝင်ငွေရရှိထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

#ymg/sth
#Yangon_Media_Group