#Local_News
Published_26 November 2022

မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ဆီစက်ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာကတစ်ဆင့် အသိပေးကြေညာထားသည်။

 

ပြည်တွင်းစားသုံးဆီဖူလုံစေရန် ၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးမီ စားသုံးဆီများ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းအတွက် ဆီစက်ချေးငွေ လျှောက်ထားနိုင်ကြောင်း ကြေညာချက်အတွင်း ဖော်ပြထားသည်။

 

ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင် အခမဲ့ဒေါင်းလုတ် ရယူနိုင်ကြောင်း ကြေညာထားသည်။

 

ချေးငွေအဆိုပြုလွှာအတွက် ပိတ်သိမ်းမယ့်ရက်ကို ဒီဇင်ဘာ ၂၇ ရက် သတ်မှတ်ထားပြီး ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းပြီး ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့၊ ရုံးအမှတ် (၃၇) သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group