#LocalNews

Published - 30 Sep 2021

မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြားမှာပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က သိရပါတယ်။ ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ဆွေးနွေးပွဲမှာ ဘဏ်လုပ်ငန်းပူးပေါင်းမဲ့အကြောင်းတွေကို ထည့်သွင်း ပြောဆိုခဲ့ကြသေးတယ်လို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းအောင်ကျော်က ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

#Yangon_Media_Group