#Local_News
Published_22 November 2022

 

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာသန်း ၁၂၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

အဆိုပါ နယ်စပ်ဂိတ်များမှ တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှုများ ပုံမှန်အတိုင်းလုပ်ဆောင်နေပြီဖြစ်သော်လည်း သွင်းကုန်တင်သွင်းမှုမှာ ဆက်လက်လျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

 

တရုတ်မှ မြန်မာဘက်သို့ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းအပါအဝင် အခြား သွင်းကုန်ပစ္စည်းများ နေ့စဉ် တင်သွင်းမှု ပြုလုပ်နေသော်လည်း ယခုဘဏ္ဍာနှစ် ၇ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၂၄၉ ဒသမ ၃၁ သန်းကျော်သာ တင်သွင်းမှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

 

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလတူမှာ အမေရိကန်ဒေါ်လာ ၃၇၀ သန်းကျော်တင်သွင်းမှု ပြုလုပ်ခဲ့ပြီး ကာလတူ တင်သွင်းမှု တန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်လျော့ကျခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ပို့ကုန်တင်ပို့မှုများ ပြန်လည်လုပ်ဆောင်လာသော်လည်း တရုတ်နိုင်ငံ၏ ကိုဗစ်ရောဂါကာကွယ်ရေးစီမံချက်တွေကြောင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် တင်ပိုခဲ့သည့် တန်ဖိုးအထိ မရောက်ရှိသေးကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

#ymg/sth
#Yangon_Media_Group