#Local_News
Published_ 22 November 2022

(၁၂)ကြိမ်မြောက် အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာသင်တန်းကွန်ယက်ကို နိုဝင်ဘာလ(၂၂)ရက်မှ(၂၄)ရက်အထိ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ကျင်းပမည်ဖြစ်သည်၊၊

 

ကူးစက်ရောဂါများ တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံများအကြား နည်းပညာဖြင့် သတင်းအချက်အလက်များမျှဝေခြင်း၊ ကူးစက်ရောဂါရှာဖွေခြင်းနှင့် စောင့်ကြပ်ကုသခြင်းများကို ဆောင်ရွက်ရေးကို အဓိကထားဆွေးနွေးသွားကြမည်ဖြစ်သည်၊၊

 

ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်သည် မရှိမဖြစ် လိုအပ်ကြောင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်သက်သေပြလျက်ရှိရာ ယခုနှစ်တွင်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာသင်တန်းကွန်ယက်၏ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် ဒစ်ဂျစ်တယ်ကျန်းမာရေးနည်းပညာအားနိုင်ငံများအကြားဆက်သွယ်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်း၊ ကူးစက်ရောဂါရှာဖွေခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်းကိစ္စရပ်များတွင်ထိ ရောက်စွာအသုံးပြုနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာသင်တန်းကွန်ယက်၏ ကြီးကြပ်ရေးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်စားလှယ်နှစ်ဦးသည် နိုဝင်ဘာလ (၂၀)ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ဘရူနိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်၊၊

 

အာဆီယံ+၃ ကူးစက်ရောဂါဗေဒဆိုင်ရာ သင်တန်းကွန်ယက်သည် လေးကြိမ်မြောက်အာဆီယံ နိုင်ငံများရှိ ကျန်းမာရေးဝန်ကြီးများအစည်းအဝေး၏ ရလဒ်အဖြစ် (၂၀၁၁)ခုနှစ်တွင်စတင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါသင်တန်းကွန်ယက်၏ကြီးကြပ်ကော်မတီတွင် နိုင်ငံပေါင်း(၁၃)နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်ကြောင်းနှင့် ရည်ရွယ်ချက်များအနေဖြင့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ ဒေသတွင်းနိုင်ငံများကြားပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့်သတင်းအချက်အလက်များ မျှဝေရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများပေးရန် အစရှိသည်တို့ ပါဝင်ကြောင်းသိရသည်။

#ymg/tthl
#Yangon_Media_Group