#Local_News
Published_22 November 2022

 

မန္တလေးတွင် လက်နက်ကိုင်အဖွဲ့များဗုံးထောင်၊ ပစ်ခတ်ခြင်းတို့ကြောင့် ရက်ပိုင်းအတွင်း ရာအိမ်မှူးနှစ်ဦးအပါအဝင် လူ ၅ ဦးသေဆုံးသွားခဲ့ကြောင်းနှင့်အဆိုပါ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သည်တွေကို ဖမ်းဆီမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ရက် နံက် ၈ နာရီအချိန်ခန့်တွင် မဟာအောင် မြေမြို့ နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇-၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်အတွင်း ၇၆-၇၇ ၊ ၃၆- ၃ရလမ်းကြား ဟေမမာလာမြောက် ရပ်ကွက်နေဦးကျော်ဇင်ထက် အား ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ နံပါတ်ပြားမပါသော CZI အနက်ရောင်ဆိုင်ကယ်ဖြင့် Mask တပ်ထားသည့် လူ(၂)ဦး က သေနတ်ဖြင့်(၂) ချက်ပစ်ခတ်ခဲ့သောကြောင့် လက် ဝဲပါး(၁)ချက်၊လည်ပင်း လက်ဝဲဘက်ခြမ်း (၁)ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ယင်းနေ့ တစ်နေ့တည်း နိုဝင်ဘာလ ၂၀ရက် ညနေ ၅ နာရီခန့်ကလည်း ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေ က ၎င်း၏ ဆိုင်ကယ်ကို ပြုပြင်ရန်စောင့်ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမ အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်းလက်ဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဧည့်စာရင်းစာအုပ်သွားရောက်ပို့ဆောင်သော မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးထွန်းမြင့်အေး အား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေခေါက်ဆွဲဆိုင်ရှေ့တွင် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ကာ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅လမ်း၊ ၈၅-၈၆လမ်းကြား ညောင်ပင်ရင်းမှ ပေါကွဲသော ဗုံးကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိ ၈၁- ၃၆လမ်းထောင့်နေသူ အသက် ၆၀ အရွယ် ဦးဝင်းကိုကိုတွင် လက်ဝဲနားထင် ပေါက်ကွဲအစထိမှန်ကာ သေဆုံးသွားပြီး လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L-3086 (mazDa Demio) ကား အဖြူရောင် (၁)စီး ရှေ့ဘန်ကာ ပျက်စီးခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ ပစ်ခတ်မှုများကြောင့် လုံခြုံရေးအဖွဲ့များက လက်နက်ကိုင်အဖွဲ့နှင့်ပတ်သက်၍ ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေစဉ် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ပုသိမ်ကြီးမြို့ နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်း ပေါ်၊အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက်တွင် လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးတို့က ဆိုင်ကယ် မောင်းနှင်လာသောအောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်နေ ဆိုင်ကယ်ဝပ်ရှော့ လုပ်ငန်းလုပ်သူ မောင်ဝင်းပြည့်စိုးအားကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ ဆိုင်ကယ်ကို လုယူမောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ပစ်ခတ်ခံရသူမှာလည်း သေဆုံးသွားကြောင်း သိရသည်။

 

ယင်းကြောင့် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြရာ Generation Z Power ဒု- အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ Generation Z Power အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်း တို့(၄)ဦးတို့ကို အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

#ymg/mt
#Yangon_Media_Group