#Local_News
Published_22 November 2022

 

မြန်မာနိုင်ငံတွင် နျူကလီးယားပညာကို ငြိမ်းချမ်းသော ရည်ရွယ် ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု ယုံကြည်စိတ်ချ လက်ခံ နားလည် သဘောပေါက်သိမြင်လာနိုင်စေရေးအတွက် ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက သိရသည်။

 

ယင်းကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOMနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်ကို နိုဝင်ဘာလ ၁၈ ရက်က ရုရှားနိုင်ငံ Sanit Petersburg ရှိ Nuclear technology information center တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှားခရီးစဉ်အတွင်း Sanit Petersburg ရှိ Nuclear technology information center အတွင်း ပြသထားသည့် ပုံစံငယ်များ၊ Virtual Reality digital နည်းပညာဖြင့် ခင်းကျင်းပြသမှုများ၊ စွမ်းအင်များကို အကျိုးရှိရှိထိရောက်စွာ ထုတ်လုပ်မှုများ၊ Nuclear နည်းပညာ၏ လူသားနှင့် ပတ်ဝန်းကျင်အပေါ် မထိခိုက်စေဘဲ အကျိုးပြုမှုများနှင့် သတင်းအချက်အလက်များအကြောင်းကို လေ့လာခဲ့ကြကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group