#Local_News
Published_22 November 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင်မြပန်းခြံရှိ အများသုံးသန့်စင်ခန်းအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမှာ ဗုံးထောင်သူဖြစ်နေကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုမှာ နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အမှတ် (၁၀၆) နေ အသက် ၂၂ နှစ်အရွယ် ငြိမ်းမင်းခန့် ဆိုသူ ဖြစ်ပြီး အဆိုပါပန်းခြံအတွင်းရှိ အမျိုးသားသုံးသန့်စင်ခန်းအတွင်း၌ ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းပေါက်ကွဲမှုကြောင့် ငြိမ်းမင်းခန့်၏ မျက်နှာမိုင်းစထိမှန်ဒဏ်ရာများနှင့် လက်များစုတ်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းကို လုံခြုံရေးတပ်ဖွဲ့များကဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်နေရာကိုလည်း မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ PVC ပိုက် အပိုင်းအစများနှင့် PVC ပိုက် ၁ ခု၊ ဓာတ်ခဲ ၂ လုံး ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်း ခဲ့ရကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group