#Local_News
Published _ 18 november 2022

 

မုန်တိုင်းငယ်ကြောင့် ယနေ့ နိုဝင်ဘာလ ၁၈ရက်မှစ၍ ၂၀ ရက်အထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အချို့မှာ မိုးကြီးနိုင်ကြောင်း မိုး၊ဇလက သတိပေးချက် ထုတ်ပြန်လိုက်သည်။

 

မိုး၊ ဇလရဲ့ ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာ ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့တဖြည်းဖြည်း အားကောင်းလာနိုင်ပြီး၊ နိုဝင်ဘာလ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် အင်ဒရာ ပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေသို့ရောက်ရှိနိုင်ကြောင်း ဆိုထားသည်။

 

ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့အပါအဝင် နိုဝင်ဘာလ ၂၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားရှိသည်။

 

#ymg/NN
#Yangon_Media_Group