#LocalNews
Published_17 November 2022

 

 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၆ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၀၇သန်း၊ စစ်တွေ (ပုံမှန်)ဂိတ်မှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၄ သန်း၊ ကျောက်ဖြူဇုန်မှ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၆၂ သန်း၊ မောင်တောဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၁ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ပြီး အဆိုပါစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်းနှင့် ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန်ခြောက်များပါဝင်ကြောင်း သိရသည်။

 

တင်ပို့နေသည့် ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည်များပါဝင်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group