#LocalNews
Published_17 November 2022

 

သတင်းစာဆရာ၊စာရေးဆရာများနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များအား စည်သူဘွဲ့၊သီရိပျံချီဘွဲ့များ ချီးမြှင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအားမဟာသရေစည်သူဘွဲ့ကို ပေးအပ်ချီးမြှင့်ကာစာရေးဆရာ ဦးဝန်(မင်းသုဝဏ်) နှင့် ဆရာဇော်ဂျီ(ဇော်ဂျီ)၊သတင်းစာဆရာဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်) ၊လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၊ မန်းငြိမ်းမောင်၊၊ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ဒေါ်အေးနုစိန်၊Jeng Phang နော်တောင်၊ဦးမောင်းဟာ၊ဦးစိုင်းလုံးဆိုင်၊စောဒန်နီယယ်၊ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းတို့ အပါအဝင် ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ဗိုလ်ချုပ် စုစုပေါင်း ၃၈ ဦးကို စည်သူဘွဲ့များ ပေးအပ်ကြောင်း ထုတ်ပြန်လိုက်သည်။

 

ယင်းအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊မကြာသေးမီက တာဝန်က အနားယူခွင့်ပေးလိုက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်ထွဋ်ဦးအပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင် ၊ ဦးသောင်းဟန်၊ ဦးကိုကို၊ ဦးလှမိုး၊ဦးမျိုးမြင့်ဦး၊ဒေါက်တာချာလီသန်း၊ဒေါက်တာပွင့်ဆန်း၊ဦးမင်းသိန်းဇံ၊ဒေါက်တာသက်သက်ခိုင်၊ဦးစောထွန်းအောင်မြင့် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊နေပြည်တော်ကောင်စီဥက္ကဌ၊ကချင်ပြည်နယ် ၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ၊ သတင်းစာဆရာကြီး ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+မိုး) ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ၊ပြည်ထောင်စုမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်း၊ပြည်ထောင်စုမြန်မာနိုင်ငံတော်မက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ်၊မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ (မ.မ.လ)၊မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ)၊မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးအဖွဲ့ချုပ်၊သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်ဦးစီးနာယကဆရာတော် သီရိသျှီဝဘုရားကျောင်း၊ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့မှ လူပုဂ္ဂိုလ်များ အား တို့အား သီရိပျံချီဘွဲ့များ ချီးမြှင့်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ကြည်း၊ရေ၊လေ ဗိုလ်ချုပ်များ ၁၉ ဦးအား ဇေယျကျော်ထင်ဘွဲ့များ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group