#LocalNews
Published_17 November 2022

 

ယနေ့ (နိုဝင်ဘာလ ၁၇ )ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံသို EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၆ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။

 

အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် (၃၈) ဦး၊ ကုန်ထုတ်လုပ်သား (၁၀) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၇၈) ဦး စုစုပေါင်း ၁၂၆ ဦးကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများလုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ထုတ်ပြန်ထားသည်။

 

တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၆၉ ဦးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/STH
#Yangon_Media_Group