Published 17 Nov 2022

ယခင်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊  တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးသန်းဋ္ဌေး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။

အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် နိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းသိရှိရပါတယ်။

-ymg/knl

#YMG