#LocalNews
Published _17 november 2022

 

မန္တလေးမှာ သေဆုံးနေသည့် မွေးကင်းစကလေးငယ်တစ်ဦးအား စည်ပင်အမှိုက်ကန်အတွင်း လာရောက်စွန့်ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၅ရက်၊ ညနေ ၅နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၈လမ်းနှင့် ၄၄လမ်း ၄၅လမ်းကြား၌ သေဆုံးနေသည့်ကလေးငယ်တစ်ဦးအား လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"သေဆုံးကလေးငယ်တစ်ဦး လာပစ်သွားတယ်လို့ ဖုန်းဆက်အကြောင်းကြားတာကြောင့် သွားခေါ်ယူပြီး တောင်အင်းပို့ဆောင်ဖို့ နောက်ကျသွားတဲ့အတွက် ညက ရုံးမှာလက်ခံထားပြီး မနက်မှ တောင်အင်းကိုပို့ဆောင်ပေးပါမယ်"ဟု အဆိုပါကယ်ဆယ်ရေးအဖွဲ့မှ ဆိုထားသည်။

 

သေဆုံးနေသည့် မွေးကင်းစကလေးငယ်ကို လာရောက်စွန့်ပစ်ထားကြောင်း ဖုန်းဆက်သတင်းပေးချက်ရရှိသဖြင့် သွားရောက်သယ်ယူခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၆ရက်မှာ တောင်အင်းသို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

 

Photo - မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့

#ymg/NN
#Yangon_Media_Group