Published 17 Nov 2022

ဩစတြေလျပါမောက္ခ ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၄)ဦးကို အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMGကိုပြောပါတယ်။

အဆိုပါနိုင်ငံခြားသား (၄)ဦးမှာ ဩစတြေးလျမှ ပါမောက္ခ ရှောင်တာနယ်၊ဗြိတိန်နိုင်ငံမှ သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့ဖြစ်ကြောင်းသိရပါတယ်။

ယနေ့တွင် အဆိုပါနိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

-ymg/knl

#YMG