Published 16 Nov 2022

၂၀၂၂ခုနှစ် နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ယနေ့အထိ နိုင်ငံတော်ရဲ့ တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ   ၅၀၅-က အရအရေးယူထားတဲ့ အနုပညာရှင်များနှင့်ပြစ်ဒဏ်ကျခံလျက်ရှိသူများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ပြုလုပ်သွားမယ်လို့ ယနေ့ည (၈)နာရီသတင်း မှာ MRTVက ကြေညာသွားပါတယ်။

ဘွဲ့တံဆိပ်များချီးမြှင်ခြင်းအမိန့်ကြေညာစာနှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ထုတ်ပြန်မှုများကို နိုဝင်ဘာ (၁၇)ရက် မနက်ဖန် မနက်(၇)နာရီအချိန် မြန်မာ့အသံနှင့်မြဝတီရုပ်မြင်သံကြာတို့မှထုတ်လွှင့်ပေးသွားမည်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

-ymg/knl

#Yangon_Media_Group