#Local_News
Published_15 November 2022

 

လာမည့်ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အခမဲ့ရွှေပညာသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း နိုဝင်ဘာလပါတ် အစည်းအဝေးတွင် အခမဲ့ ရွှေပညာဒါနသင်တန်း ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

YGEA မှ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အခမဲ့ ရွှေပညာဒါနသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် အသင်းရုံးခန်းတွင် ရွှေပြန်လည်ရောင်းချနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် အသင်းမှထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း သိန်း ၂၀ အထက်တွင်ရှိနေပြီး ပြည်တွင်းရွှေဈေးကွက်အတွင်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၂၆ သိန်းအထက်တွင်ရှိနေကာ အဝယ်ထက်အရောင်း ပိုများနေကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group