#Local_News
Published _15 November 2022

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူ ညီချက်တစ်ခုကို ဒီဇင်ဘာလအတွင်း ရရှိနိုင်မည် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

"နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အစည်းအဝေးမှာ ပြောခဲ့ပြီးပါပြီ၊ ကျွန်တော်တို့လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ ထိုက်သင့်သလောက် တိုးတက်မှုတွေ ရှိနေပါပြီ၊ဒါကြောင့် ဒီဇင်ဘာလအတွင်း သဘောတူ ညီချက်တစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်ထားတာပါ"ဟု ယင်းအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

 

ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ရာ အဆိုပါ ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ပါဝင်ခဲ့ကြောင်းနှင့် ယင်းအဖွဲ့များကလည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုသော သဘောထားများ ရှိကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group