#Local_News
Published 29 October 2022

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၇၈/၇)အနီးတွင် ရပ်ထားသည့် FUSO အမျိုးအစား(အဖြူကြား)(၁၂)ဘီးယာဉ်ကို လားရာတူယာဉ်ကြောမှ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်သည် အနောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ကြောင်း MFSD က သိရသည်။

 

ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊ မ(၉)ဦး စုစုပေါင်း(၁၉)ဦးတွင် ကျား(၃)ဦး၊ မ(၄)ဦး စုစုပေါင်း(၇)ဦး သေဆုံးခဲ့ပြီး ကျား(၇)ဦး၊ မ(၅)ဦး စုစုပေါင်း (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။

 

ယင်းနေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂွေးချိုနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group