#Local_News
Published _ 29 October 2022

 

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

"သူက ကျန်းမာရေးလည်းမကောင်းတဲ့အတွက် ပြန်လွှတ်တာလားလို့ တွေးမိတယ်၊ဘယ်လိုကြောင့်ပဲ လွှတ်ပါစေ လွတ်လာတာ ကောင်းတာပဲ"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

အသက် ၈၃ နှစ် အရွယ်ရှိပြီဖြစ်သည့် ဦးစိုးဝင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာရောဂါ ဝေဒနာကြောင့် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်က အာမခံပေးခဲ့သေးသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ကို ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့နှင့်အတူ ချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group