#Local_News
Published _27 October 2022

 

မြန်မာအပါအဝင်မဲခေါင်-လန်ချန်းအဖွဲ့ဝင်(၆)နိုင်ငံမှ ပန်းချီ၊ ပန်းပုအနုပညာရှင်လူငယ်များပါဝင်သော National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို မန္တလေးမြို့၌ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်၊၊

 

အဆိုပါ စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂၆)ရက်မှ (၃၀) ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)ကတာဝန်ယူပြီး မန္တလေးမြို့တွင် Hybrid စနစ်ဖြင့် လက်ခံပြုလုပ်သွားမည် ဖြစ်သည်၊၊

 

အဆိုပါစီမံကိန်းပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးပွဲကျင်းပခဲ့ပြီး အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက" နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လက်မှုအနုပညာအချို့သည် ကွယ်ပျောက်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်လာရသောကြောင့် ပန်းချီ၊ ပန်းပု အနုပညာလက်ရာများကို တိုးတက် လာသောခေတ်နှင့်အညီ နည်းပညာများမြှင့်တင်ခြင်း၊ မျှဝေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင်ခြောက်နိုင်ငံမှ ပန်းချီ၊ ပန်းပုအနုပညာရှင် လူငယ်များ ပါဝင်သော National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂၆)ရက်မှ (၃၀) ရက်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)ကတာဝန်ယူပြီး မန္တလေးမြို့တွင် Hybrid စနစ်ဖြင့် လက်ခံပြုလုပ်မည်ဖြစ်ကြောင်း"ပြောကြားခဲ့သည်၊၊

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)သည် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် Lancang - Mekong Cultural Exchange Youth Camp စီမံကိန်းနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် လန်ချန်း - မဲခေါင် ရုပ်သေးပွဲတော်များကို မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းသည် တတိယမြောက်ကျင်းပပြုလုပ်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group