#Myanmar_News
Published 23 October 2022

 

မြန်မာနိုင်ငံ အထင်ကရလေဆိပ်များ နှင့် လုမ္ဗိနီအကြား လေကြောင်းတိုက်ရိုက်ပျံသန်းရေး မြန်မာနှင့် နီပေါနိုင်ငံတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

 

နေပြည်တော်၊ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် လုမ္ဗိနီ အပြည်အပြည်ဆိုင်ရာ လေဆိပ်အကြား တိုက်ရိုက်လေကြောင်းပျံသန်းဖို့နှင့် ခရီးသွားလုပ်ငန်းတိုးတက်လာမှုအပေါ်မူတည်ပြီး နောင်မှာ လုမ္ဗိနီ-ဂါယာ- ရန်ကုန်/ မန္တလေး/နေပြည်တော် လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပျံသန်းရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချူပ်ကြီး တင်အောင်စန်းဟာ မကြာသေးမီက အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire တို့ဟာ အောက်တိုဘာ ၂၂ရက်က နေပြည်တော် ဝန်ကြီးရုံးမှာ အဆိုပါကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

အဲဒီအပြင် ပို့/ဆက်ဝန်ကြီးဟာ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် လေကြောင်းသဘောတူစာချုပ်အသစ်တစ်ရပ်ချုပ်ဆိုရေး၊ ဒေသထွက်ကုန်များ အပြန်အလှန်တင်ပို့နိုင်ရေးနှင့် နီပေါနိုင်ငံတွင်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတွေကိုပါ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့ဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြတဲ့ နိုင်ငံများဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုအမွေအနှစ်များက ဆက်စပ်တည်ရှိနေကြတဲ့အတွက် ဂေါတမမြတ်စွာဘုရားအရှင် ဖွားမြင်တော်မူရာဒေသဖြစ်တဲ့ လုမ္ဗိနီတို့အကြား၊ ယင်းနှင့်ဆက်စပ်လျက် အိန္ဒိယနိုင်ငံ ဗုဒ္ဓအမွေအနှစ် ဂါယာတို့ကိုပါ ချိတ်ဆက် လေကြောင်းပျံသန်းမှုတွေကို ခရီးသွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်စားလာကြတာဖြစ်ပါတယ်၊

 

-ymg.knl
#Myanmar_Tourism
#Myanmar_Nepal_Flight
#Yangon_Media_Group