#Local_News
Published_ 17 October 2022

 

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၁၄၈)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပါတယ်။

 

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီဖြစ်သည့် Lovely World  Services Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino –Thai Engine- ering & Construction Public Co,Ltd သို့ အမျိုးသားအလုပ်သမား(၁၀၀)ဦး နှင့် Champace Co,Ltd သို့ အမျိုးသားအလုပ်သမား(၄၈)ဦး စုစုပေါင်းအလုပ်သမား(၁၄၈)ဦးကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

 

အလုပ်သမားများကို ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

 

သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင်မှ တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်တဲ့ စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံ ရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

#ymg_mnn
#Yangon_Media_Group