#Local_News
Published_17 October 2022

 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် ၎င်းတို့အသင်းနှင့်ပတ်သက်ပြီး ထိခိုက်ပြောဆိုရေးသားမှုတွေကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။

 

လူမှုကွန်ရက်တွင် “ အခေါက်ရွှေ ရောင်းသူဝယ်သူ တိုက်ရိုက်” ဖေ့ဘုတ်ပေ့ချ်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းအသင်း (YGEA) နှင့် ပတ်သက်သည့် သတင်းအမှားတွေကို ရေးသားဖော်ပြနေကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

 

ယင်းအပြင် မဟုတ်မမှန်ဖော်ပြရေးသားမှုမျိုးကို ထပ်မံမပြုလုပ်ရန်နှင့် အသင်းကို ထိခိုက်စေသည့် မည်သည့်ရေးသားမှုမျိုးကိုမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

 

လက်ရှိတွင်လည်း ဗဟိုဘဏ်မှ တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်သူများကို အရေးယူမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေထားသည်။

 

#ymg/sth
#Yangon_Media_Group