#Local_News
Published_17 October 2022

 

ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှုတွေနှင့်ဆက်စပ်သည့် သံသယဖြစ်ဖွယ် ငွေစာရင်းများကို ပိတ်သိမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ကြေညာထားသည်။

 

မြန်မာနိုင်ငံ ဘဏ်များအသင်းဝင်ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှတစ်ဆင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးက တောင်းခံလာသည့် ငွေကြေးခဝါချမှု/ အကြမ်းဖက်မှုများကို ထောက်ပံ့ကြောင်း
သံသယဖြစ်ဖွယ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရကြောင်း ဖော်ပြထားသည်။

 

အဆိုပါ သတင်းပေးပို့ချက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ငွေစာရင်းတွေကို ယာယီငွေသွင်း/ငွေထုတ် တားမြစ်ခြင်း၊ အပြီးတိုင်ငွေစာရင်းပိတ်သိမ်းခြင်းစသည်တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဘဏ်များအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် တရားရုံးဆုံးဖြတ်ချက်အရ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရေး ညွှန်ကြားချက်များအတိုင်း စာရင်းများပိတ်သိမ်းဆည်းကာ နိုင်ငံတော်ကို အပ်နှံခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/sth
#Yangon_Media_Group