#Local_News
Published_14 October 2022

 

ပြည်တွင်းပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို တစ်ဒေါ်လာ ၂၈၇၀ ကျပ်နှုန်းဖြင့် ဒေါ်လာ ၆ ဒသမ ၇ သန်း ရောင်းချပေးခဲ့ကြောင်း စက်သုံးဆီအသင်းမှ သိရသည်။

 

ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ CB ဘဏ်၊ ရိုးမဘဏ်၊တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ် စသည့် ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဒေါ်လာငွေလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၂၈၀၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီ ဂါလန် ၁၃ သန်းကျော်တင်ဆောင်လာသည့် နိုင်ငံတကာသင်္ဘောများရောက်ရှိနေပြီး ဆီချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း သိရသည်။

 

စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group