#Local_News
Published _ 14 october 2022

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တွေမှာ နေ့သင်တန်းအားလုံးအား ဖွင့်လှစ်သွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ကြေညာထားသည်။

 

ဖွင့်လှစ်သွားမည့် သင်တန်းများမှာ ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်း အားလုံးကို လာမည့် နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားရှိသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကိုလည်း လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသူ၊ကျောင်းသားနှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။

 

ယင်းပြင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများနှင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသောကျောင်းသား၊ ကျောင်းသူများအတွက်လည်း သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုအား ယခုအောက်တိုဘာလ ၃၁ ရက်အထိ တိုးမြှင့်လက်ခံပေးထားကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group