#Local_News
Published_ 14 October 2022

 

အောက်တိုဘာ (၁၄) ရက် ဒီကနေ့နံနက် ၃ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃၀/ဝ) နှင့် (၂၃၀/၁) ကြားတွင် ခရီးသည်တင် Express ယာဉ် (၂) စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါယာဉ်တိုက်မှုကို ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၁)ဦး အနက် (၅)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသား (၂)ဦး (သေဆုံး)တို့အား ပန်းတင်အမြန်လမ်း ရဲစခန်းပိုင် လူနာတင်ယာဉ် (၁)စီးနှင့် တံတားဦး လူမှုကူညီရေးယာဉ် (၁)စီးတို့ဖြင့် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

#ygm_mnn
#Yangon_Media_Group