Published 12 Oct 2022

ရုရှားထံမှ လောင်စာဆီများဝယ်ယူရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ၊မော်စကိုမြို့တော်ကိုရောက်ရှိနေတယ်လို့ RIA သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားထံမှ နှစ်စဉ် ဓာတ်ဆီ တန်ချိန် (၂)သန်းနှင့် ဒီဇယ် တန်ချိန်(၄)သန်းဝယ်ယူလိုတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဦးမျိုးမြင့်ဦးနှင့် ဦးသောင်းဟန်တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ အောက်တိုဘာ ၁၂ ရက်မှ ၁၄ရက်အထိ ကျင်းပမယ့် ရုရှား စွမ်းအင်ရက်သတ္တပတ် Russian Energy Week ပွဲကို တက်ရောက်ရင်း လောင်စာဆီဝယ်ယူဖို့ကိစ္စ အသေးစိတ်ညှိနှိုင်းကြမှာဖြစ်ပါတယ်လို့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက RIA ကိုပြောပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလက်ဒီမာပူတင်တို့ အဆိုပါကိစ္စပြောဆိုခဲ့ကြပြီးဖြစ်ကာ သမ္မတပူတင်က လောင်စာဆီတွေပေးပို့ဖို့ကိစ္စသဘောတူပြီးသားဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အခုကိစ္စက ငွေပေးချေဖို့ကိစ္စဖြစ်ပြီး ရုရှားငွေ ရူဘယ်နှင့်ပေးချေမလား တရုတ်ယွမ်ငွေနှင့်ပေးချေမလားဆိုတာ ဆွေးနွေးသဘောတူကြဖို့ရှိတယ်လို့လည်း သံအမတ်ကြီးဦးလွင်ဦးကပြောတယ်လို့ သတင်းမှာရေးသားထားပါတယ်။

Source RNI

#Myanmar_Russia

#Myanmar_Energy

#Myanmar