Published 12 Oct 2022

ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဖြစ်သူ ဦးစန်းလွင်ဟာ ဒီကနေ့  အောက်တိုဘာ ၁၂ ရက် မနက်မှာ နေပြည်တော်မှာ ကွယ်လွန်သွားတယ်လို့သိရှိရပါတယ်။

ဦးစန်းလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၇၁)နှစ်ရှိပြီးဖြစ်ပြီး နှလုံးသွေးကြောပိတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ကွယ်လွန်သူနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဦးစန်းလွင်ဟာ ၂၀၂၁ခုနှစ် မတ်လ(၄)ရက်နေ့မှာ ဒုတိယရှေ့နေချုပ်အဖြစ်လည်းကောင်း၊အဆိုပါနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့မှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။

-ymg/knl