#LocalNews

Published - 21 Sep 2021 ပုဂ္ဂလိကအနေနဲ့ ရွှေတွေကို အစိုးရဘဏ်မှာ အပ်နှံထားပြီး ဘဏ်ကလက်မှတ်နဲ့ ပြန်ရောင်းချခွင့် ရဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာကို တင်ပြထားပါတယ်။လက်ရှိကတော့ လုပ်ငန်းရှင်တွေအနေနဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ စံချိန်မီ (၉၉ ပွိင့် ၉၉ per·cent ) ( ကိုးဆယ့်ကိုး ဒသမ ကိုးကိုး ရာခိုင်နှုန်း) ၂၄ ကာရက်ရှိတဲ့ ရွှေတွေကို အပ်ထားရင် Safe Keeping Receipt (SKR) စာရွက်စာတမ်း အထောက်အထား ပြန်ပေးထားတာပါ။ #Yangon_Media_Group