#Local_News
Published_7 October 2022

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ ကျွဲကူးမြစ်အတွင်း အောက်တိုဘာလ ၆ ရက် ည ၇ နာရီကျော်ခန့်ကတရားမဝင်ကုန်များတင်လာသည့်မှောင်ခိုစက်လှေတစ်စီးဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

ကုလားတန်မြစ်အတွင်းမှ ကျွဲကူးမြစ်အတွင်းသို့ ခုတ်မောင်းလာသော မသင်္ကာဖွယ်စက်လှေ ၁ စီးကို တွေ့ရှိရ၍ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးရာ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိသော သိန်းသန်းအောင်အမည်ရှိ အဆိုပါကုန်မှောင်ခိုစက်လှေကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

ယင်းစက်လှေပေါ်တွင်တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိဘဲ ကာလတန်ဖိုး ၂၂၅ သိန်းကျပ်ရှိ ဘိလပ်မြေ ၁၅၀၀ အိတ်များ၊ လူနှစ်ဦးတို့ကို ဖမ်းဆီးမိခြင်ဖြစ်ကြောင်း သိရသည်။

 

ယခုအခါဖမ်းဆီးရမိသူများ နှင့် ပစ္စည်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း အစိုးရအဖွဲ့က သိရသည်။

 

#ymg/mt
#Yangon_Media_Group