#Local_News
Published_6 October 2022

 

ယနေ့(အောက်တိုဘာ ၇ ရက်)တွင် မန္တလေးမြို့၌ ရွှေချိန် (၇) ပိဿာ မီးလင်းရွှေတုံးများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါ မီးလင်းရွှေတုံးများကို လူတစ်ဦးလျှင် ရွှေတစ်ပိုင်း(တစ်ဆယ်ကျပ်သား)တိတိကို ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်နှင့်တကွ အသင်းရုံးတွင် ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

 

ယင်းအပြင် အောက်တိုဘာ ၆ ရက် နေ့တွင်ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေတုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချပေးနေပြီး ရန်ကုန်တွင် ရောင်းချခဲ့သည့်် ရွှေစင်တုံး/ရွှေစင်ခဲ ၃ ပိဿာကို၁ ပိဿာ ၃ ပုံခွဲပြီးလေလံပစ်ခဲ့ရာ တစ်ကျပ်သားဈေး ၂၅ သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သည်။

 

#ymg/sth
#Yangon_Media_Group