#Local_News
Published_ 7 October 2022

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၇)ရက် မနက်ပိုင်းတွင် ကျိုင်းတုံမြို့အနီးအင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၁၄)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်ဘက် (၁၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၉.၃၇)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊

 

မြေငလျင်နှင့်ပတ်သက်၍ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းတွင်လှုပ်ခတ်မှုများနေပြီး စစ်ကိုင်းတိုင်း အပါအဝင်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊ မိထ္တီလာ၊ ရမည်းသင်း၊ ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောကြားထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group