#Local_News
Published_ 1 October 2022

 

မြန်မာနိုင်ငံဈေးကွက်သို့ ဘယ်လာရုစ်ထုတ်ကုန်များကို တိုးချဲ့တင်ပို့ရေးသာမက စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ စက်မှုလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်းမြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံအနေဖြင့် ၎င်း၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုသည် အရေးပါတယ်လို့ ဆိုပါတယ်။

 

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးလွင်ဦးသည် စက်တင်ဘာ ၃၀ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်ခ်စ်မြို့ရှိ Palace of Independence ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ ၏ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ၎င်း၏ ခန့်အပ်လွှာ ကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ထံ ပေးအပ်ရာတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ အခမ်းအနားတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား သမ္မတနိုင်ငံ၊ ဘီနင်သမ္မတ နိုင်ငံ၊ ဘော့စနီးယားဟာဇီဂိုဗီနာဖက်ဒရေးရှင်းနိုင်ငံ၊ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ၊ ကျူးဘားသမ္မတ နိုင်ငံ၊ Sovereign Military Order of the Hospitallers of St. I. Jerusalem, Rhodes and Malta ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ ဆူဒန်သမ္မတနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံပေါင်း (၁၁) နိုင်ငံမှ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ထံသို့ ခန့်အပ်လွှာများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group