#Local_News
Published_ 1 October 2022

 

တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် မြန်မာနိုင်ငံရထားတွဲဆိုင်းများစီမံကိန်းများဆောင်ရွက်ခဲ့ပြီး၂၀၂၂ ခုနှစ်စက်တင်ဘာလတွင် အဆိုပါရထားတွဲများကို မန္တလေးမြို့တွင် စမ်းသပ်ပြေးဆွဲမှုပြီးမြောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

အဆိုပါ ရထားတွဲဆိုင်းများသည် တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေဖြင့် မြန်မာနိုင်ငံကဝယ်ယူခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံစစ်ဆေးလက်ခံမှုဆိုင်ရာ နည်းပညာဝန်ဆောင်မှုပညာရှင်အဖွဲ့၏ ကူညီပံ့ပိုးဖြင့် တရုတ်နိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်သည့် ရထားတွဲ ၂၈ တွဲကို လမ်းကြောင်းပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်၊၊

 

ယခုအကြိမ် စမ်းသပ်ပြေးဆွဲမှု အလွန်အောင်မြင်ကြောင်း၊ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုနှင့် တရုတ်ပညာရှင်များ၏ ဂရုတစိုက် လမ်းညွှန်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားတွဲဆိုင်းအားလုံးကို အမြန်ဆုံး အသုံးပြု၍ ခရီးသည်များ၏ ရထားစီးနင်းမှုအတွေ့အကြုံများကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန်အပိုင်း ရထားပြေးဆွဲမှုစွမ်းဆောင်ရည်ကို မြှင့်တင်၍ ဒေသနှစ်ခုချိတ်ဆက်ရေးနှင့် ရထားလမ်းကြောင်းတစ်လျှောက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးရထားဌာန တာဝန်ရှိသူကပြောကြားသည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံမှ အတိုးမဲ့ချေးငွေရယူကာ ဝယ်ယူခဲ့သော ရထားတွဲများ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

 

၎င်းတွင် အထက်တန်း ၁၄ တွဲနှင့် ဒုတိယတန်း ၁၄ တွဲ ပါဝင်သည်။ တရုတ်နိုင်ငံမှ နည်းပညာဝန်ဆောင်မှုပညာရှင်အဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုးရာသီ အပူချိန်မြင့်မားမှုနှင့် စိုထိုင်းမှု စသည့်အခက်အခဲများကို ကျော်လွှား၍ မြန်မာနိုင်ငံသို့လာရောက်ကာ နည်းပညာဝန်ဆောင်မှုများ ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရထားနည်းပညာများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မီးရထားဌာနအား နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးလျက်ရှိပြီး ရထားတွဲများကို ကိုယ်တိုင်ထုတ်လုပ်ထိန်းသိမ်းနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ လူတော်လူချွန်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group