#Local_News
Published _ 24 September 2022

ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ပြည်တွင်း အခေါက်ရွှေစြေးနှုနျးမှာ တစ်ကျပ်သားလျှင် ၂၇ သိန်း ၆သောင်းခွဲအောက်သို ပြန်လည်ကျဆင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

 

မြန်မာ့အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းများမှာ နေ့စဉ်ဈေးနှုန်းကျဆင်းမှုများရှိနေပြီး ယနေ့ ပြင်ပရွှေဈေးကွက်၏ အဖွင့်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင်၂၇ သိန်း ၆သောင်း ၅၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်သည်။

 

"ရွှေဈေးက ထပ်ကျဖို့လည်းရှိပါတယ်။ ဘာလိုလဲဆိုတော့ အခုဈေးကွက်ထဲမှာ ဝယ်လိုအားမရှိတော့တာရယ်၊ ဒေါ်လာဈေးတွေ ဆက်တိုက်ကျဆင်းနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ ကမ်ဘာ့ရွှေဈေးကလဲ ကျဆင်းနေတာမို ရှေ့လျှောက် ရွှေဈေးကတော့ ဆက်ကျနေမယ့်အနေအထားမှာရှိနေပါတယ်" ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ဥကဋ္ဌက YMG သို့ ပြောကြားခဲ့သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း ရွှေဒင်္ဂါးများကို တစ်ကျပ်သားလျှင် ၂,၉၅၀,၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ကျောက် မျက်ရတနာခန်းမ၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန်းလေးတိုင်း၌ စက်တင်ဘာလ ၂၃ရက်က စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် အကယ်ဒမီရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃,၅၅၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်မှုလည်း ရှိခဲ့သည်။

 

#ymg/NN
#Yangon_Media_Group