#Local_News
Published-24 Setember 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ နှစ်ရက်ဆက်တိုက်ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

စက်တင်ဘာ ၂၂ ရက်တွင် စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၂၉၅ ကျပ်၊ 95 တစ်လီတာ ၂၃၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၉၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၈၇၅ ကျပ်ထိမြင့်တက်ခဲ့ပြီး ယနေ့တွင် 92 တစ်လီတာ ၂၁၅၀ ကျပ်၊ 95 တစ်လီတာ ၂၂၂၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၆၄၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၇၃၀ ကျပ်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

 

ရှရှားနိုင်ငံမှ မှာယူထားသည့် စက်သုံးဆီသင်္ဘောများသည် မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားသည်။ ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယင်းအပြင် စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည် ဒီဇယ်ဆီ (၅၁.၁၇) ဂါလံသန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၆၀.၃၉) ဂါလံသန်း၊ MT Yu Hai သင်္ဘောသည် 92 Ron (၄၂.၃၃) ဂါလံသန်းနှင့် ဒီဇယ်ဆီ (၉၂.၂၅) ဂါလံသန်းကို ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#Ymg/STH
#Yangon_Media_Group