#Local_News
Published_24 September 2022

 

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားသုံးဦး မူးယစ်မှုဖြင့် အဖမ်းခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူများက ပြောသည်။

 

ရနောင်းမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦးကို မူးယစ်ဆေး(ရာဘား)ရောင်းဝယ်သုံးစွဲမှုဖြင့် ထိုင်းအာဏာပိုင်များ ဖမ်းဆီးထားပြီး ယင်းတို့အား မောင်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကာ ဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

"ထိုင်းအာဏာကပိုင်တွေက သတင်းရတဲ့အတွက် ရနောင်းအခြေစိုက်တဲ့ အမှတ် -၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့နဲ့ တခြားပူးပေါင်းတပ်ဖွဲ့ကသွားဖမ်းတယ်လို့ ထုတ်ပြန်ထားတယ်။ ပထမဆုံး အဖမ်းခံရတာက အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ တစ်ယောက်ပေါ့။ သူက မောင်မြို့နယ်၊ ဘန်နောင်ကျေးရွာမှာဖမ်းမိတယ်ပေါ့။ သူ့ဆီကနေ ရာဘား ၆ ထုပ်၊ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲကထုတ်ပြန်ထားတယ်။ အဲဒါပြီးတော့ နောက်ထပ် နှစ်ယောက်ကိုလည်း ထပ်ပြီးတော့ဖမ်းတယ်။တစ်ယောက်က ပန်နန်ကျေးရွာ၊ နောက်တစ်ယောက်က ဘန်ရင့်(န်)ရွာက၊ သူတို့နှစ်ယောက်ပေါင်းရင် မူးယစ်ဆေးအလုံးရေ ၁၄၀၀ နီးပါး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှုကို လိုက်ပါကူညီဖို့ဆိုတာက ပြောလို့မရသေးဘူး၊အားလုံးက ၁၇ နှစ်နဲ့ ၁၉ နှစ်ကြား ကလေးတွေ"ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူက ဆိုသည်။

 

#Photo- အမှတ်-၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့

#ymg/mt
#Yangon_Media_Group